ပုလော နိုဝင်ဘာလ ၄
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် စာပေချစ်သူများအဖွဲ့မှ စာရေးဆရာ အောင်သင်း၏ နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီ က ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်း၌ စာပေချစ်သူများ အဖွဲ့ဥက္ကဌ ဒေါ်မြစောနွယ်က ဆရာကြီး ပီမိုးနင်း၏ ကမ္ဘာ့ မင်တန်စာအုပ်ထဲမှ ဆရာကြီးက မိမိကိုယ်တိုင် ဝါသနာပါသော လူ့လောက၌ တကယ်ကြီးပွား နိုင်သည် လည်းမှန်သော အတက်ပညာကို ရွေးချယ်လိုက်စား ဆည်းပူးသင့်ကြောင်းကို နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ ခေါင်းစဉ်ဖြင့် ဆွေးနွေးဖတ်ကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်သူများ အဖွဲ့ဝင် ဦးအာကာဖြိုးက မိဘကိုယ်စား၊ နေမကောင်း၍ အနားယူရခြင်း၊ ဖတ်ဖို့ကျင့်ဖို့ ၊ ဒေါ်မြတ်သီရိမွန်က လူငယ်နှင့် သည်းခံမှု၊ စာတတ်ဖို့စာဖတ်ဖို့ ခေါင်းစဉ် များဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် အသစ်ရောက်ရှိလာသော စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင် များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)