သပိတ်ကျင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကုသိုလ်ကောင်းမှုနှင့် အားကစားပျော်ပွဲရွှင်ပွဲများကျင်းပ

သပိတ်ကျင်း နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကုသိုလ်ကောင်းမှုဆောင်ရွက်ခြင်း၊ အားကစားပြိုင်ပွဲ ပျော်ပွဲရွှင်ပွဲကျင်းပခြင်းများကို ယ​နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုင်းဇေဇေဦးနှင့် ဌာနဝန်ထမ်းများက သပိတ်ကျင်းမြို့ ဧရာဝတီမြစ်အတွင်းသို့ ဇီဝိတဒါန ငါးအကောင်ရေ (၂၀၀၀)ဘေးမဲ့လွှတ်ခြင်း၊ ကမ္ဘာအေးဘုရားပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခြင်း၊ ခြုံနွယ်များရှင်းလင်းခြင်း၊ ကမ္ဘာအေးဘုရားစေတီတော်မြတ်တွင် ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်းများဆောင်ရွက်ခဲ့ပြီး ဌာနဝန်ထမ်းများအား အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)