ပင်းတယမြို့၌ စု​ပေါင်းမဟာဘုံကထိန်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပင်းတယ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်​တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ(ပင်းတယ)တွင် စု​ပေါင်းမဟာဘုံက ထိန်အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ​ကြောင်း သိရသည်။

ပင်းတယမြို့သည် ဗုဒ္ဓသာသနာ​​တော်ထွန်းကားရာဒေသဖြစ်သည်နှင့်အညီမြန်မာလူမျိုး၏ နေ့ထူး​နေ့မြတ် အခါကြီးရက်ကြီးများ၌ အလှူအဒါန်းများကို စေတနာစိတ်အားထက်သန်စွာဖြင့် လှူဒါန်းလျက်ရှိရာ ကထိန်ရာသီအချိန်အခါဖြစ်​သော တန်​ဆောင်မုန်းလတွင် ဌာနဆိုင်ရာစု​ပေါင်းမဟာဘုံကထိန်များ၊ ရပ်ကွက်/​ကျေးရွာ စု​ပေါင်းမဟာဘုံကထိန်များ၊ အခြေခံပညာကျောင်းများမှ စု​ပေါင်းမဟာဘုံကထိန်အလှူများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။ ထို့​နောက် သက်ဆိုင်ရာဘုန်း​တော်ကြီး​ကျောင်းများ၌ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆရာ​တော်သံဃာ​တော်များအား ဆက်ကပ်လှူဒါန်းကြပြီး အနု​မောဒနာတရား​တော်မြတ်များနာယူခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှ​​ဝေခြင်း အစရှိသည်တို့ကိုဒေသခံများစု​ပေါင်း၍ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိ​ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)