နတ်တလင်း နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီက သာဇီရပ်ကွက်၊ ဇေယျဝတီပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်များနှင့်တရားတော်နာပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဇေယျဝတီပရိယတ္တိစာသင်တိုက်မှ မြို့နယ်သံဃာ့နာယကဆရာတော် ဥူးဇဋိလ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက ထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများကို မြို့နယ်သံဃာ့နာယက ဆရာတော်ဥူးဇဋိလနှင့် သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြပြီး သာဓုအနုမောဒနာ တရားတော်မြတ်ကို မြို့နယ်သံဃာ့နာယကဆရာတော်မှ ချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)