သာယာဝတီမြို့တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

သာယာဝတီ နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊‌ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာနှင့် အိုင်ကဒုံကျေးရွာအုပ်စု၊ အိုင်ကဒုံကျေးရွာတို့တွင် ယမန်နေ့ညနေ ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ်ပွားခဲ့သော နေအိမ် ၃ လုံးအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းကို စံရွေးကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက နေအိမ် (၃) လုံးအတွက်အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု (၃)စုရှိ လဦးရေ (၁၇) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၃၅၇၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၅၇၀ဝိ/-)ကျပ်နှင့်ပစ္စည်း (၁၇) မျိုးပါ နေအိမ် (၃) အိမ်ထောင်စုစာတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)