လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

လိပ်သို နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထုတ်ဝေသော “တကယ်လုပ်ကြမှာလား” စာအုပ်၏ လူမှုဆက်ဆံရေးနှင့် ဘ၀ရသ ခေါင်းစဉ်ပါအကြောင်းအရာ ၊ အဓိပ္ပယ်အနှစ်သာရ ဆိုလိုရင်းအကြောင်းအရာများအား စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီ အလှည့်ကျဖတ်ကြားပြီး မိမိတို့၏ တွေးခေါ်ထင်မြင်ယူဆချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ စာပေချစ်မြတ်နိုးသူများဖြင့် အပတ်စဉ်စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)