ငါးသိုင်းချောင်း နိုဝင်ဘာ ၄
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ.ထ.က ငါးသိုင်းချောင်းကျောင်း၏ (၇၁)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲကို ယနေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
(၇၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကိုဆရာ၊ ဆရာမများက ကြီးကြပ်၍ နံနက် (၇)နာရီ အချိန်မှစတင်ပြီး ကျောင်းသား၊ ကျောင်းသူ(၅၀၀)ဦးခန့်သည် အလံကိုင်၊ ကွမ်းတောင်ကိုင်၊ စာတမ်းကိုင် စသည်ဖြင့်လည်းကောင်း၊ ကျွဲအက၊ ဦးရွှေရိုးအကတို့ဖြင့် လည်းကောင်း မြို့အတွင်းသို့ စီတန်းလှည့်လည် ကြရာ လမ်းဘေးဝဲယာတစ်လျှောက်တွင် မိဘပြည်သူများက ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အားပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဘုံကထိန်ပွဲအား ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းလှူဒါန်း ငွေကျပ် ၅၉၂၆၈၅၀/-ဖြင့် ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ စံကျောင်းကျောင်းတိုက်တွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်ရာ ရွှေတောင်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒြိယာဘိဝံသမဟာ ထေရ်မှ ကထိန်အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူခဲ့သည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)