မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ချမ်းအေးသာစံ နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်တွင်ကျင်းပသည်။

သွေးလှူပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးခင်မောင်သန်းနှင့် ညွှန်ကြားရေးမှူးဦးကောင်းမြတ်ဟိန်းသူ ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းမိသားစု ၃၀ ဦးကျော် သွေးလှူဒါန်းခဲ့ကြရာ သွေးလှူဘဏ်မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးဦးခင်မောင်သန်း၊ ညွှန်ကြားရေးမှူးဦးကောင်းမြတ်ဟိန်းသူနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းသူတစ်ဦးလျှင် ကွေကာ ၁ တစ်ပါကင်၊ ကြက်ဥ ၁၀ လုံး၊ Royal-D အားဖြည့်အချိုရည် ၂ ဘူးနှင့် ပဲနို့ ၁ ဘူးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်