စစ်ကိုင်း နိုဝင်ဘာ ၄
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မီးခိုးမြူငွေ့ ညစ်ညမ်းမှု သိကောင်း စရာ Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Talk Show ကျင်းပဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စစ်ကိုင်းခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မီးခိုးမြူငွေ့အကြောင်း၊ မီးခိုး မြူငွေ့ဖြစ်ပေါ်လာရသည့် အဓိကကြောင်းရင်း၊ မီးခိုးမြူငွေ့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းစေမှုနှင့် လူတွေရဲ့ကျန်းမာရေး ထိခိုက်စေမှု၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်လျှော့ချနိုင်ရန်အတွက် လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ မီးခိုးမြူငွေ့လျှော့ချရေး အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ပြည်သူများကို တိုက်တွန်းနှိုးဆော်အကြံပြုချက်များ စသည် တို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိနိုင်စေရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်း၍ Talk Show များ ဆောင်ရွက်ခြင်း၊ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များအား ပြပွဲ/ ပြိုင်ပွဲ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင်(ပြန်/ဆက်)