အိမ်မဲ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် အနော်ရထာလမ်း ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး၍ နိုဝင်ဘာလ (၁) ရက်နေ့ တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိ၊ အင်ဂျင်နီယာများက အနော်ရထာလမ်းတွင် ကွန်ကရစ်လမ်းအရှည် ၃၃၈ပေ၊ လမ်းအကျယ် ၂၆ ပေ၊ ထု ၆ လက်မ ခင်းကျင်းဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လမ်းကို အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် (၂၃၄.၇၈၅) သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယင်းလမ်းကြီး ဆောင်ရွက်ပြီးစီးသွားသော ကြောင့် မြို့နယ်အတွင်း လူဦးရေ နှစ်သိန်းကျော်၏ ဘာသာရေး၊ သာရေး၊ နာရေး၊ ကျန်းမာရေး၊ စီပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ)