အင်းစိန်မြို့နယ်၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ရန်ကုန်   နိုဝင်ဘာ   ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ (၃၄)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)တွင် လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ် ဦးဆောင်၍ ဝန်ထမ်းများမှ စုပေါင်းသွေး လှူဒါန်းခဲ့ကြပြီးသွေးလှူဒါန်းခဲ့ကြသည့် ဝန်ထမ်းများအား ကြက်ဥနှင့် အားဖြည့်အချိုရည်ဗူးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် လှူဒါန်းခဲ့သည်များကို အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)၊ဆေးရုံအုပ်ကြီး ဒေါက်တာခင်သိင်္ဂီမြင့်က  လက်ခံရယူခဲ့ပြီး တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)