မင်းဘူးမြို့၌ မြန့်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပသွားမည်
Apr 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာ သင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ် (၃)ခုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဧပြီ (၁၃)ရက်၊ သင်္ကြန်အကြိုနေ့ ညနေ ၅ နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီထံက သိရသည်။