ရန်ကုန် နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်ရည်ရွယ်လျက် ယမန်နေ့တွင် အလှူရှင် များက အသင်းရုံးသို့ အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ခေါ်ယူပို့ဆောင်ပေးလျက်ရှိရာ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ဦးကြည်လွင်၏ မွေးနေ့အလှူအဖြစ် အလှူငွေကျပ်(၃)သိန်း၊ ကွယ်လွန်သူ ဒေါ်အေးမြင့်အားရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၂)သိန်း၊ အရာခံဗိုလ် ဒေါ်သန်းသန်းနွယ်(ငြိမ်း)မှ အလှူငွေကျပ်(၁)သိန်း၊ ကွယ်လွန်သူ ဦးကြည်စိန်အား ရည်စူး၍ အလှူငွေကျပ်(၁)သိန်း၊ မတင်တင်ဝေ၏ (၄၃) နှစ်ပြည့်မွေးနေ့ အလှူအဖြစ် အလှူငွေကျပ်(၅)သောင်းနှင့် ကွယ်လွန်သူ ဦးလှတင်အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၅)သောင်းတို့ကို အသီးသီးလာရောက် လှူဒါန်းရာ စိန်ရတနာ နာရေးကူညီမှုအသင်းမှ တာဝန်ရှိ သူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)