စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား တက်ရောက်

မုံရွာ နိုဝင်ဘာ ၄

(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကို နိုဝင်ဘာလ ၄ ရက် နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များသည် ပေးအပ်သည့် တာဝန်များကိုကျေပွန်စွာဖြင့် ဟန်ချက်ညီညီ လိုက်ပါဆောင် ရွက်နိုင်ခဲ့ကြကာ ဌာန၏ပင်မလုပ်ငန်းတာဝန်များအပြင် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး အစိုးရတို့မှ ပေးအပ်သော လုပ်ငန်းတာဝန်များ၊ အခြားဝန်ကြီးဌာနများမှ လွှဲပြောင်းပေးအပ်သော လုပ်ငန်းတာဝန်များကို အောက်ခြေရပ်ကွက်/ကျေးရွာအဆင့်ထိ ဖွဲ့စည်းခန့်အပ်ထားရှိသော အုပ်ချုပ်ရေးဝန်ထမ်း အဆင့်ဆင့် တို့၏ တာဝန်ကျေပွန်မှုတို့ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းကို တွေ့ရှိရပါကြောင်း၊    လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဌာနမှချမှတ်ထားသည့် ရည်မှန်းချက်များ၊ မျှော်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက် များနှင့် အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကြိုးပမ်းထမ်းဆောင်သွားရ မှာဖြစ်ပါကြောင်း၊ မိမိတို့ဌာန ၏ ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ် စည်းကမ်းများကို လိုက်နာစောင့်ထိန်း ထမ်းဆောင်လျက် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက အားထားရသော အုပ်ချုပ်ရေးဌာနကြီးနှင့် အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ဇီးပင်ကြီးတွင် ဖွင့်လှစ် သည့် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်းတွင် စစ်ရေးပြထူးချွန် ဆုရရှိသော ဒေါ်ဇင်မာချော ဦးစီးအရာရှိ အား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြင့်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက်  အမျိုးသား၊ အမျိုးသမီး တူညီဝတ်စုံများအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ သည်။

ထို့နောက် ရုံးတူညီဝတ်စုံများ ပေးအပ်ရခြင်းခံရသော ဝန်ထမ်းများအတွက် ဦးဝေမောင် ဒုတိယ ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ ပေးပို့ထားသည့် Video Clip အား ကြည့်ရှုကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။

အဆိုပါ နံနက်ပိုင်းတွင် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်း အမှတ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ဓမ္မာရုံတွင် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်ကြီးများအား အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အလားတူ အမှတ် ၄ တပ်မတော် ကုတင် ၃၀၀ ဆံ့ဆေးရုံ မုံရွာမြို့တွင် (၃၄)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများက စုပေါင်းသွေး လှူဒါန်းကြသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းနေမှုများနှင့် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဟာရဖြည့်စွက် စားသောက် ဖွယ်ရာများ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။       

တိုင်းဒေသကြီး (ပြန်/ဆက်)