သတင်းများ

ကျိုက်လတ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Nov 08,2022
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို ယမန်နေ့ နံနက် (၉)နာရီက ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမ၌ ကျင်းပခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကင်းမြို့နယ်ရှိ သမိုင်းဝင်မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြှော်
Nov 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ သမိုင်းဝင်မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ကြည်ညိုလျက် ကုသိုလ်ကောင်းမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။
တီးတိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်း အခမ်းအနားပြုလုပ်
Nov 08,2022
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်၇နာရီက ပြုလုပ်ကြောင်းသိရသည်။
လားရှိုးမြို့ တန်ဆောင်မုန်းလပြည့်နေ့၌ မီးမျှောပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီ ပရဝဏ်အတွင်း၌ ယမန်နေ့ ညနေ(၆)နာရီအချိန်က မီးမျှောပွဲနှင့် မီးပုံပျံလွှတ်တင်ပွဲများကို နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်း (အထစ)မြေစိုက်ဘုတ်စိုက်ထူ
Nov 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း (အထစ)မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် (၉) အချိန်က ဝန်လိုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မင်းရပ်ရပ်ကွက် ပညာရေးမှုးရုံး ရှေ့တို့တွင် မြေစိုက်ဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။
(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်း
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း နှင့် ဝန်ထမ်းများက (၃၄)နှစ် မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၅)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်ကျင်းပ
Nov 08,2022
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်ကို ယမန်နေ့နေ့လယ် ၂ ရီက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။