သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) online သင်တန်းကို မြိတ်မြို့နယ်မှ ဆရာ/မများ တက်ရောက်
Apr 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ် (Grade-5) ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက် အောင်မြင်စေရေးနှင့် သင်ကြားပို့ချမှုများ အရည်အသွေး ကောင်းမွန်စေရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် သင်ရိုးသစ် (Grade-5) ဗဟို အဆင့်နည်းပြ (TOT) online သင်တန်းကို မြိတ်မြို့နယ်ရှိ ဆရာ၊ ဆရာမများက အထက(၁) ပညာဗိမာန်ခန်းမတွင် ဧပြီလ(၂၀)ရက်တွင် စတင် တက်ရောက်လျက်ရှိကြသည်။