မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး မီးသတ်ဆေးဘူးများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား ကွင်းဆင်း စစ်ဆေး
Apr 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများက ဌာနဆိုင်ရာရုံးများတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုဆိုင်ရာ စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။