သတင်းများ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Nov 08,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မင်းလှမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Nov 08,2022
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် အထိမ်းအမှတ်နှစ်ပတ်လည်နေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
တန်ဆောင်မုန်းလပြည့်  (သာမညဖလအခါတော်နေ့)တွင်  ငပုတောမြို့နယ်အတွင်းရှိ ဘုရား စေတီပုထိုးများ၌ ပြည်သူများ ကုသိုလ်ကောင်းမှုပြုခြင်းနှင့် ရပ်ကွက်အလိုက် စတုဒိတာများ ဧည့်ခံကျွေးမွေး ကုသိုလ်ယူ
Nov 08,2022
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင်၊ ငပုတောမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ညနေခင်းတွင်  ဆီမီး၊  ပန်း၊ ရေချမ်း၊  အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်၍ ကုသိုလ်ကောင်းမှုပြုကြသကဲ့သို့  ရပ်ကွက်အလိုက် ပြည်သူများကလည်း အာဟာရဒါန စတုဒိတာများဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြကြောင်း သိရသည်။
မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး
Nov 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော “အတွေးအမြင်ဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Nov 08,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သော  (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၌ (၂၇)ကြိမ်မြောက် မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း၌ (၂၇)ကြိမ်မြောက် မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉ ) နာရီအချိန်က မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ အရှေ့ရွာရပ်ရှိ အရှေ့ရွာဘုန်းကြီးကျောင်းတွင် အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာမှ ဦးစီးကျင်းပပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ
Nov 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့နေ့လည် ၁၂ နာရီက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ငပု​တောမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်
Nov 08,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှုဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။