ပန်းတောင်းမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်း (အထစ)မြေစိုက်ဘုတ်စိုက်ထူ

ပန်းတောင်း နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင်  မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း (အထစ)မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် (၉) အချိန်က ဝန်လိုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မင်းရပ်ရပ်ကွက် ပညာရေးမှုးရုံး ရှေ့တို့တွင် မြေစိုက်ဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်ဘုတ်စိုက်ထူရာတွင် နိုင်ငံသားစိစစ်ရေးကဒ် ပျောက်ဆုံး ပျက်စီးနေသူများ၊ အသက် ၁၀ နှစ်ပြည့်သော်လည်း နိုင်ငံသားစိစစ်ရေးကဒ် မပြုလုပ်ရသေးသောသူများ၊ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြုလုပ်ပြီးသော်လည်း သတ်မှတ်ထားသော အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရန် လိုအပ်သူများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပါ အချက်အလက်များကွဲလွဲမှုရှိသူများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်းမပြုရ၊ အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြား (အမတ) ကိုင်ဆောင်ထားသူများ၊ မိမိနိုင်ငံသားစိစစ်ရေးကဒ်အား အခြားသူတစ်ဦးမှကိုင်ဆောင်ထားသည်ဟု သံသရရှိသူများ၊ ပုံစံ၆၆/၆ (အထစ)ပျောက်ဆုံး ပျက်စီးနေသူများ၊ ပုံစံ ၆၆/၆ (အထစ)တွင်ပါဝင်သော အိမ်ထောင်စုဝင်များသည် နိုင်ငံသားစိစစ်ရေးကဒ်ရရှိပါက နိုင်ငံသားစိစစ်ရေးကဒ်အမှတ်များ ပုံစံ ၆၆/၆ (အထစ) အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပါ အချက်အလက်များကွဲလွဲနေသူများ၊ ပုံစံ ၆၆/၆ (အထစ)တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများ၊ ပုံစံ ၆၆/၆ (အထစ) အချက်အလက်များ၊ မည်သည့်အရပ်ဒေသတွင်မှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)မရှိသေးသူများ စသည့်အချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် လဝကရုံးသို့ သွားရောက်ဆောင်ရွက်နိုင်ပါကြောင်း လက်ကမ်းစာစောင်နှင့် အတူပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေခဲ့ခြင်းနှင့် မြေစိုက်ဘုတ်အား စိုက်ထူခဲ့ကြောင်း သိရသည်။

ထို့နောက် မြေစိုက်ဘုတ် အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)