သတင်းများ

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Online စနစ်ဖြင့် ဖောငမြောင်တောင်ပိုးအန္တရာယ် ကြိုတင်ကာကွယ်ရေး တောင်သူပညာပေး (Talk Show) ကျင်းပပြုလုပ်
Apr 20,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် ဖောငမြောင်တောင်ပိုးအန္တရာယ် ကြိုတင်ကာကွယ်ရေး တောင်သူပညာပေး  (Talk Show) ကို  ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ပေါင်မြို့နယ်၌ နယ်လှည့်ကျန်းမာရေးဆေးကုသရေးအဖွဲ့ နယ်လှည့်ကွင်းဆင်းကုသ
Apr 20,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်းမာရေး ဦးဌာနတို့ပူးပေါင်း၍ နယ်လှည့်ကျန်းမာရေး ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကော့ကရင် ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။
တာချီလိတ်မြို့၌ တပ်နယ်မိသားစု ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်စိမ်းလှူဒါန်း
Apr 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ တပ်နယ်အရာရှိ/ စစ်သည်မိသားစုများမှ ရန်အောင်မြေရပ်ကွက်ရှိ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းသို့ ယနေ့နံနက် ၁၀ နာရီက ဆွမ်းဆန်စိမ်းသွား​ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း၊ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ
Apr 20,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်း၊ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့ နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
မချမ်းဘောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေး
Apr 20,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ဧပြီ(၁၉)ရက်နေ့တွင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံကျေးရွာအုပ်စု ငွါးဇာခါး ကျေးရွာရှိ ကျေးလက်ကျန်းမာ ရေးဆေးပေးခန်းနှင့် မန်နိုကျေးရွာအုပ်စု ပန်ဆပ်ကျေးရွာရှိ ရဝမ်နှစ်ခြင်း အသင်းတော် ဘုရားကျောင်းဝင်း၌ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့်သစ်ပင်အချို့ ပြိုလဲပျက်စီး
Apr 20,2022
မန္တလေးခရိုင်၊ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ၁၉၄၅ အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ  ရုတ်တရက်တိုက်ခတ်မှုကြောင့် အပင်များကျိုးကျခြင်း၊ ဓာတ်တိုင်များနှင့် သစ်ပင် များ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက်   ၅၀၈ မဟာမုနိဘုရားကြီးအနောက် ၄၅ တာ၀န်းအတွင်း Tourist Information Center အနီး မန်ကျည်းပင် မှာအမြစ်လန်၍ Tourist Information Center အဆောက်အဦ ပေါ်သို့လဲကျခဲ့ပြီး အဆောက်အဦ၏နေရာအချို့ပျက်စီးဆုံးရှုံးခဲ့ရသည်။
ရွာငံမြို့ဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်
Apr 20,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော ကုန်တင်ယာဉ်နှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်- ၁၉ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ရွာငံမြို့ဝင် စစ်ဆေးရေးဂိတ်၌ ပြုလုပ်ပေးလျက်ရှိသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Apr 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။