ဖျာပုံ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း နှင့် ဝန်ထမ်းများက (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၅)နာရီ အချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဆွမ်းဆက်ကပ်လှူဒါန်းရာတွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း+ဇနီးဒေါ်ခင်စန္ဒာဦးနှင့် ခရိုင်ထွေ/အုပ်ဝန်ထမ်းများမှ ဖျာပုံမြို့ ထန်းပင်ကျောင်းဆရာတော် ဘဒ္ဒန္တဝေပုလ္လ (နိုင်ငံတော်သြဝါဒါစရိယ)ထံမှ ငါးပါး သီလခံယူဆောက်တည်တော်မူကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဓျယ်တော်မူကြသည်။ ဆက်လက်၍ ဆရာတော် အရှင်သူမြတ်များအား ဆွမ်း၊ သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ထန်းပင်ကျောင်း ဆရာတော် ဘဒ္ဒန္တဝေပုလ္လအရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ကောင်းမှု ကုသိုလ်တို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)