တီးတိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်း အခမ်းအနားပြုလုပ်

တီးတိန် နိုဝင်ဘာ ၈

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်၇နာရီက ပြုလုပ်ကြောင်းသိရသည်။

အဆိုပါ ဆွမ်းကပ်လှူဒါန်းရာ၌ တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော် ဘဒ္ဒန္တပုညာနန္ဒ(M.A Buddhisim) ထံမှ (၅)ပါးသီလ ခံယူတည်ဆောက်ခြင်း၊ သံဃာတော် အရှင်မြတ်များမှ မေတ္တာသုတ် ပရိတ်တရားတော် ရွတ်ပွားသရစ္စျာယ်ပြီး တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တပုညာနန္ဒမှ လှူဒါန်းမှုအစုစုတို့အား အနုမောဒနာတရား ဟောကြားချီးမြှင့်၍ ရေစက်သွန်းချ အမျှအတမ်း ပေးဝေကြောင်း သိရသည်။

ဒိုင်းခန့်ဒိမ့်