သတင်းများ

တောင်ကြီးမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု မှတ်တမ်းအား e-ID စနစ်ဖြင့် Data ဖြည့်သွင်း
Apr 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှုမှတ်တမ်းအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းခြင်းကို ရှမ်းပြည်နယ်အစိုးရရုံးဝင်းအတွင်းရှိ စာကြည့်တိုက်တွင် ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့်ပစ္စည်းများ ကျေးရွာအရောက်သွားရောက်ထောက်ပံ့ပေးအပ်
Apr 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့်ပစ္စည်းများကိုယနေ့နံနက်(၁၀) နာရီက လေဘေးသင့်ခဲ့သော ဟိုလွိုင်ကျေးရွာအုပ်စု၊ ကုန်းလေမုတ် (မြဲလွန်) ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ ကျေးရွာအရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာပေစိတ်ဝင်စားသူ လူငယ်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း(BOOK CLUB)နှင့် စာပေစိတ်ဝင်စားသူလူငယ်များ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် “လူငယ်များ စာဖတ်ခြင်းနှင့် ဘဝတိုးတက်မြင့်မားရေး ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေး ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပင်လုံမြို့ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Apr 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး Community Centre ခန်းမတွင် ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသည့် လူငယ်လမ်းညွှန် စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပါသည်။
မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT)online သင်တန်း စတင်ဖွင့်လှစ်
Apr 20,2022
မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းကို ယနေ့နံနက် ၉ အချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံး သီရိမွန်ခန်းမတွင် online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။
ကရသူရိမြို့၊ အေးမြသာယာကျေးရွာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Apr 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကော့ဗမာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်၈နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သက်ဆိုင်ရာအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Apr 20,2022
ဆရာ ဒေါက်တာ ကျော်စိန်၏ "လူငယ်လမ်းညွှန်" စာအုပ် စာဖတ်ဝိုင်းကို  ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် Grade -5 သင်ရိုးသစ် TOT (ဗဟိုအဆင့် နည်းပြသင်တန်း) ဖွင့်လှစ် သင်ကြား
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် အခြေခံပညာ Grade-5 သင်ရိုးသစ် TOT (ဗဟိုအဆင့် နည်းပြသင်တန်း)ကို ဟင်္သာတမြို့  အထက (၅) အမျိုးသား ခန်းမတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍ ဟင်္သာတမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ သင်တန်းသားသင်တန်းသူ ဆရာ/ဆရာမ ( ၉၄)ဦး တက်ရောက်ခဲ့သည်။