သတင်းများ

ရန်ကုန်တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်ပွဲတော်စည်ကားများပြား
Nov 08,2022
ရန်ကုန်တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို နို၀င်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်ညက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌စည်ကားများပြားလျက်ရှိသည်။
စဉ့်ကူးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်​တောပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ
Nov 08,2022
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲက လယ်ဝေးမြို့၊ အေလာ၊ သရက်တောပရိယတ္တိစာသင်တိုက်၌ကျင်းပရာ လယ်ဝေးမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ သရက်တောကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရ အရှင်သူမြတ် အမှူးပြုသည့် ဆရာတော်သံဃာတော်(၂၀)ပါး ကြွရောက်ချီးမြှင့်တော်မူသည်။
ဆီဆိုင်မြို့၌ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ
Nov 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့အင်းယာကန်၌ ဆီမီး ၁၅၀၀ ခန့်မီးမျောပွဲ ကျင်းပ
Nov 08,2022
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရေးအဖွဲ့နှင့် စိမ်းလန်းစိုပြည်ဂါးဒင်းတို့ပူးပေါင်းကျင်းပသော တန်ဆောင်တိုင်မီးထွန်းပွဲနှင့် ဆေးဘက်ဝင်မယ်ဇာလီဖူးသုတ် ဒါနပြုလုပ်ပွဲကို ယမန်နေ့ညနေ ၅ နာရီတွင် အင်းလျားလမ်းရှိစိမ်းလန်းစိုပြည်ဂါးဒင်း၌ ကျင်းပပြုလုပ်သည်။
တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့)တွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စေတီပုထိုးများ၌ တန်ဆောင်တိုင်မီးထွန်းသူများ ဘုရားဖူသူများဖြင့်စည်ကား
Nov 08,2022
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)သည် ဗုဒ္ဓဘာ သာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ စေတီပုထိုးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ကုသိုလ်ဘာဝနာ ပွားများသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
သပိတ်ကျင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဝန်ကြီးဌာနမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဆိုင်းဘုတ်တင်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)တို့နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်များကို ပြည်သူများသိစေရေးအတွက် အသိပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန်ဝေခြင်းတို့ကို ယမန်နေ့နံနက်(၇)နာရီက သပိတ်ကျင်းမြို့ ဆိပ်ကမ်းလမ်းဆုံနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး(၁)ဦးအား ငွေကျပ်(၁၅)သိန်း ထောက်ပံ့ငွေပေးအပ်
Nov 08,2022
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး(၁)ဦးအား ပီတိပညာရေးပရဟိတမှ ငွေ(၁၅)သိန်း ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို  နိုဝင်ဘာ(၆)ရက်ညနေ(၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။