သတင်းများ

ရသေ့တောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5)ဗဟိုအဆင့် နည်းပြ (TOT)Online သင်တန်းဖွင့်လှစ်
Apr 20,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ(TOT)Online သင်တန်းကို ယနေ့၊ နံနက်(၉)နာရီမှ စတင်၍ မြို့နယ်ပညာရေးမှူးရုံး၏ အစည်းအဝေးခန်းမတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။
ဒဂုံမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အစိုးရရုံးဌာနများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်
Apr 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ နွေရာသီကာလတွင် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်၊ မီးလန့်မှုများ မရှိစေရန်အတွက် အစိုးရရုံးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နေ့လည် ၁၂ နာရီအချိန်က မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှုး ဦးမျိုးမင်းထက်နှင့် အဖွဲ့များက လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြသည်။
ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာအုပ်စာစောင် ခင်းကျင်းပြသ
Apr 20,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (community center) ခန်းမ၌ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်မီးလန့်မှု မရှိစေရေး အစိုးရရုံးဌာနများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ
Apr 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်၌ နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်၊ မီးလန့်မှု မရှိစေရေးအတွက် အစိုးရဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယ‌နေ့နေ့လည်(၁)နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိ သူများက လိုက်လံစစ်ဆေးဆောင်ရွက် လျက်ရှိသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များမှ ရောင်းချသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပါဝင်မူ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များမှ ရောင်းချသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နေ့လည် ၂ နာရီအချိန်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ Grade-5 ဗဟိုအဆင့်နည်းပြ(ToT) Online သင်တန်း သင်ကြားလျက်ရှိ
Apr 20,2022
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ Grade-5 ဗဟိုအဆင့်နည်းပြ (ToT)Onlineသင်တန်းကို မြို့နယ်ပညာ​ရေးမှူးရုံးတွင် တက်​ရောက်သင်ကြားလျက်ရှိသည်။
လပွတ္တာခရိုင်၌  သင်ရိုးသစ်(Grade-5)ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းဖွင့်လှစ်
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) Online သင်တန်းကို ယနေ့နံနက် (၉)နာရီ အချိန်မှစတင်၍ အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမတွင် online စနစ် ဖြင့် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ဝါးခယ်မမြို့နယ်‌၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (Grade-5) ဗဟို အဆင့်နည်းပြသင်ရိုးသစ် (TOT) online သင်တန်းစတင်ဖွင့်လှစ်
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (Grade-5) ဗဟို အဆင့်နည်းပြသင်ရိုးသစ် (TOT) Online သင်တန်းကို ဒေါ်ပိုက်မိခန်းမတွင် ယနေ့ နံနက် ၉ အချိန်တွင် Online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။