သတင်းများ

ဝေါမြို့သမိုင်းဝင်ကြုံတူစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးသူများဖြင့်စည်ကား
Nov 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့အရှေ့ဘက်ကမ်း၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ သမိုင်းဝင်ကြုံတူစေတီတော်မြတ်ကြီးတွင် နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ ညပိုင်းတွင် ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်ဘောလုံးပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲတွင် ဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်
Nov 08,2022
၂ဝ၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် တတိယဆုဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီးဘောလုံးအသင်းနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဘတ်စကက်ဘောပြိုင်ပွဲတွင် ဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး ဘတ်စကက်ဘောအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟားခါးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ
Nov 08,2022
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ ဟားခါး မြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်း တက်ရောက်အမှာစကားပြောကြားသည်။
တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့တွင် မတ္တရာမြို့၌ စတုဒိသာကျွေးမွေးခြင်း၊ ကံစမ်းမဲဖောက်ကုသိုလ်ပြုခြင်းများဖြင့် စည်ကားလျက်ရှိ
Nov 08,2022
တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ တန်ခိုးကြီးဘုရားများ၊ အပန်းဖြေရာ နေရာများစွာတို့တွင် ကောင်းမှုကုသိုလ်ပြုသူများ၊ လည်ပတ်ကြ သူများဖြင့် စည်ကားလျက်ရှိရာ  မတ္တရာမြို့နယ်၌လည်း စတုဒိသာကျွေးမွေးခြင်း ကံစမ်းမဲဖောက်ကုသိုလ်ပြုခြင်းများဖြင့် စည်ကားလျက်ရှိသည်။
လဲချားတွင် စာအုပ်၊ စာစောင်များနယ်လှည့် ကွင်းဆင်းငှားရမ်းပေး
Nov 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။
ဒေးဒရဲမြို့ရှိ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်လုံးဆိုင်ရာ ကျိုက်ဒေးယျုံစေတီတော် မြတ်ကြီး၏ တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
တီးတိန်၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တီးတိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်လှစ်
Nov 08,2022
ချင်းပြည်နယ် တီးတိန်မြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တီးတိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်ပွဲကို အဆိုပါရုံး၌ ယမန်နေ့နံနက် ၈နာရီက ပြုလုပ်သည်။
ရွှေတောင်မြို့နယ်တွင် အခြေခံကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 08,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကြာနီကန် အထကကျောင်းတွင် ယနေ့နံနက် ၉ နာရီက စားသုံးသူရေးရာဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။