ကျိုက်လတ် နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို ယမန်နေ့ နံနက် (၉)နာရီက ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ရည်မှန်းချက် (၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ပြီး ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရသည့် ဌာနလည်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရသည့် ဌာနတစ်ခုလည်းဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစား ဝန်ထမ်းများအား အမှတ်တရ လက်ဆောင် များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ အား ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့သဖြင့် ဝန်ထမ်းများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရ သည်။
ရီရီမြင့်