ကရသူရိမြို့တွင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ ဘုရားဖူးသူများနှင့် ဆီးမီးလာရောက်ပူဇော်သူများပြား

ကရသူရိ နိုဝင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ယမန်နေ့ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ ဘုရားဖူးသူများနှင့် ဆီမီးလာရောက်ပူးဇော်သူများပြားခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလတွင် ကျင်းပပြုလုပ်လေ့ရှိသည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူပွဲတော်၊ မသိုးသင်္ကန် ရက်လုပ်ပွဲတော်၊ မဲဇလီဖူးသုပ်ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်နှင့် သာမညဖလအခါတော်နေ့ ပွဲတော်များရှိကြောင်း၊ ထိုပွဲတော်များထဲမှ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) ၌ ‌ဒေသခံများနှင့် ရပ်နီး/ရပ်ဝေးမှ ပြည်သူများသည် ကရသူရိမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်းရှိ ဘုရားကျောင်းကန်းများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘဝါနာပွားများခြင်း၊ သံဃာတော်ကြီးများထံမှ ဆုံးမသြဝါဒခံယူခြင်းနှင့် တန်ဆောင်တိုင်ဆီမီးပူးဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)