လိပ်သို နိုဝင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်များက ရန်ကြီးအောင်ဘုန်းတော်ကြီးကျောင်းရှိ စေတီတော်မြတ်၌ ဘုရားဖူးဆုတောင်းခြင်း၊ သုခနိဗ္ဗာန်ဓမ္မာရုံတွင် ဥပုသ်သီလဆောက်တည်ခြင်းတို့ပြုလုပ်ခဲ့ကြပြီး ညနေ(၅:၃၀)နာရီအချိန်တွင် မြို့တွင်းသို့ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲမော်တော်ယာဉ်များဖြင့် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲကို လိပ်သိုမြို့ ဂေါပကအဖွဲ့မှဦးဆောင်၍ ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်များ ဓမ္မစကြာဝတ်အသင်းနှင့် အလွှာအသီးသီးမှ ဘာသာဝင်များ စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြပြီး ရန်ကြီးအောင်စေတီတော်နှင့် သာသနအဆောက်အဦးများတွင် ဖယောင်းတိုင်မီးများ ၊ ရောင်စုံမီးများ ထွန်းညှိပူဇော်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
စောဝေါ်ကွောထူး