သတင်းများ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ရှင်ဥပဂုတ္တမထေရ်ဖောင်တော် ရေမျှော ပူဇော်ပွဲ၊ ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 08,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြန်မာ့ရိုးရာအစဉ်အလာမပျက် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီခွဲတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်ဖောင်တော်နှင့် အတူ ဧရာဝတီမြစ်အတွင်းသို့ ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 08,2022
သာသနာတော်နှစ် (၂၅၆၆) ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၈၄) ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့နံနက် ၉ နာရီက သရက်ခရိုင် ကံမမြို့ အမှတ်(၂) ရပ်ကွက် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့နယ် ပြန်/ဆက် ဝန်ထမ်းများက နယ်လှည့် ကွင်းဆင်း၍  သုတ / ရသ စာအုပ် စာစောင်များ ငှားရမ်းပေး
Nov 08,2022
စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုလောမြို့နယ်ရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီ၌ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကို သွားရောက်၍ သုတ/ရသ စာအုပ်စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်း ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
လောင်းလုံးမြို့တွင် တန်ဆောင်မုန်းလပြည့်ည ဗုဒ္ဓပူဇနိယဘုရား လှည့်လည်ပူဇော် ပွဲကျင်းပ
Nov 08,2022
လောင်းလုံးမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့် ဗုဒ္ဓပူဇနိယဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၈ ရက် တန်ဆောင်မုန်းလပြည့်ကျော် (၁) နံနက် (၆) နာရီ က မြို့ပေါ်ရပ်ကွက်မြို့တွင်းသို့ဒေသစာရီလှည့်လည် ပူဇော်ပွဲကျင်းပသည်။
ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်နှင့်စာရိတ္တဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Nov 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်စာရိတ္တဆိုင်ရာ အသိပညာပေး(Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်း
Nov 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက (၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းကြကြောင်း သိရသည်။
လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre တွင် Zumba Dance နေ့စဉ်လာရောက်ကကြသည့် ZYL Zumba အဖွဲ့ လားရှိုးတန်ဆောင်တိုင်ပွဲတော်တွင် ကပြဖျော်ဖြေ
Nov 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ် လားရှိုးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင်နေ့စဉ် လာရောက်၍ ကျန်းမာရေးအတွက် Zumba အက ကကြသည့် ZYL Zumba အကအဖွဲ့က ယမန်နေ့ည တန်ဆောင်မုန်းလပြည့်နေ့တွင် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ကျုံပျော်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Nov 08,2022
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။