နွားထိုးကြီးမြို့နယ်အတွင်းရှိ ဓာတ်အားလိုင်းပြိုလဲပျက်စီးမှုများ ပြုပြင်ဆောင်ရွက်

နွားထိုးကြီး နိုဝင်ဘာ ၈

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်း လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းပြီး ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယခုအခါနွားထိုးကြီးမြို့မှတစ်ဆင့် ကျေးရွာများသို့ ဖြန့်ဖြူးပေးထားသော  တာပါယ်-ဖလံကုန်း ၁၁  ကေဗွီ ဓာတ်အားလိုင်းမှ တိုင်(၄)တိုင်ပြိုလဲပျက်စီးနေသဖြင့် ယနေ့နံနက်ပိုင်းတွင် လိုင်းဝန်ထမ်းများက အစားထိုးလဲလှယ်ပြုပြင်ခြင်းများ ဆောင်ရွက်ပြီးခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်