သတင်းများ

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Nov 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ် ဌာနဆိုင်ရာများ  တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများအား သတင်းရေးသားနည်းသင်တန်းအား Online ဖြင့် ဖွင့်လှစ်ပို့ချ
Nov 29,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား Zoom Meeting ဖြင့် သတင်းရေးသားနည်းသင်တန်းကိုယနေ့ နေ့လယ်(၁) နာရီအချိန်က ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြိုနယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Nov 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တော်ကမယ်၊ အစိပ်တော်ကမံ၊ ကျုံဒူးမြောက်၊ တော်ဖရုံ၊ ကုလားကုန်းတန်း စသည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးနန္ဒာစိုးက လုပ်ငန်းဆောင်ရွက်ထားမှုများကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 29,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Nov 29,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းလုပ်ငန်းကို လစဉ်ထိုးနှံပေးခဲ့သည်။
ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့်ဘက်စုံထူးချွန်သည့် လူရည်ချွန်ရွေးချယ်မှု စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်ကစတင်၍ ရွှေတောင်(အ.ထ.က)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာ၌ ၂ဝ၂၂-၂ဝ၂၃  ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ
Nov 29,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အထက(၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။