သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တို့တွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကန်ကလေးတောရရွှေကျင်ကျောင်း စာသင်တိုက်ဖွင့်လှစ်ခြင်းနှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ပူဇော်ပွဲနှင့် အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကန်ကလေးတောရရွှေကျင်ကျောင်း စာသင်တိုက်ဖွင့်လှစ်ခြင်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပူဇော်ပွဲနှင့် အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကန်ကလေးတောရရွှေကျင်ကျောင်းစာသင်တိုက် ဆရာတော်အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တခေမာစာရ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)သို့ တက်‌ရောက်သင်ကြားကြမည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား/သူများအား  တက္ကသိုလ်မှ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဌာန/ဘာသာရပ် မိတ်ဆက်ပွဲကျင်းပ
Nov 29,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲအောင်မြင်၍ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)သို့ တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူသစ်များအား ကွန်ပျူတာ တက္ကသိုလ် (မြစ်ကြီးနား)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဌာန/ ဘာသာရပ် မိတ်ဆက် ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးသည်။
ကျောက်တံတားမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းကျင်းပ
Nov 29,2022
ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ဖားဆောင်းမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပြိုင်ပွဲ ဆက်လက်ကျင်းပ
Nov 29,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူများအား ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်တွင် ဆက်လက်ကျင်းပသည်။
ပေါင်းတည်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မံစီမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် ပြိုင်ပွဲကျင်းပ
Nov 29,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ ကျင်းပလျက်ရှိရာ သင်္ချာနှင့် အထွေထွေဗဟုသုတ ဘာသာများကို ရေးဖြေဖြေဆိုခဲ့ကြောင်း သိရသည်။ 
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး(၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေး Talk Show ဆောင်ရွက်
Nov 29,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။