မိတ္ထီလာ၌ ၂ဝ၂၂-၂ဝ၂၃  ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အထက(၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသော ကျောင်းသူကျောင်းသားများ အနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေနှင့် ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့ကို ဖြေဆိုရမည်ဖြစ်သည်။

လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို သုံးရက်ကျင်းပခြင်းဖြစ်ပြီး ယမန်နေ့က ပထမနေ့ အဖြစ် စတင်ကျင်းပခဲ့ပြီး နံနက်ပိုင်းတွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် နှုတ်ဖြေ၊ နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ခရိုင်အားကစားကွင်း၌ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ပြုလုပ်မည်ဖြစ်သည်။

အဆိုပါမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲတွင် Grade-9 ကျောင်းသူ (၈) ဦး၊ ကျောင်းသား (၉) ဦး ၊ Grade-10 ကျောင်းသူ (၉) ဦး၊ ကျောင်းသား (၉) ဦး ၊ Grade-11 ကျောင်းသူ (၈) ဦးနှင့် ကျောင်းသား (၇) ဦး၊ စုစုပေါင်း (၅ဝ) ဦး ပါဝင်ဖြေဆိုပြီး ဝင်ရောက်ဖြေဆိုသူများထဲမှ အတန်းတစ်တန်းလျှင် ကျောင်းသူ (၁) ဦးနှင့် ကျောင်းသား (၁) ဦးနှုန်းဖြင့် မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသူ (၃) ဦးနှင့် ကျောင်းသား (၃) ဦး စုစုပေါင်း (၆) ဦး ရွေးချယ်မည်ဖြစ်သည်။

အဆိုပါမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို လူရည်ချွန်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ