ကျွန်းလှမြို့နယ်၌ အသက် နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ တိုက်ကျွေး

ကျွန်းလှ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝင်း‌ဇော်ဌေး ဦးဆောင်သော ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကလေးငယ်များအား အသက်အပိုင်းခြားအလိုက် ပြင်းထန်ဝမ်းလျော ဝမ်းပျက်၊ ပြင်းထန် တီဘီ၊ ပြင်းထန် အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်- ဂျိုက်သိုးနှင့် ငါးမျိုးစပ် ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ