ပေါက်ခေါင်းမြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဖြေဆိုပွဲကျင်းပ
Nov 29,2022
အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ကာအကျင့်စာရိတ္တကောင်းမွန်၍ အထွေထွေဗဟုသုတများနှင့်ပြည့်စုံသောကျောင်းသားလူငယ်များဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းကစတင်၍ ပေါက်ခေါင်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ပေါက်ခေါင်း)၌ ကျင်းပဖြေဆိုခဲ့ကြောင်း သိရသည်။