သတင်းများ

ဇမ္ဗူသီရိမြို့နယ်၌ ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးကြည့်ရှုအားပေး
Nov 29,2022
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်များအနက်မှ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍ မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ငလျင်ဘေးဖြစ်ပွားလာပါက မည်သို့တုံ့ပြန် ဆောင်ရွက်ရမည်ကို သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်း စေရန်အတွက် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ ငလျင် အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စုကလိမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်ပြဘုတ်ပြသ
Nov 29,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ နေပြည်သူများအား ယာဉ်အန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းအနေဖြင့် “သတိပြုမောင်းနှင်ကြမယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖွယ်” ခေါင်းစဉ်ဖြင့် နံရံကပ်ပြဘုတ်ကို ယမန်နေ့နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင်ပြသခဲ့သည်။
ဂွမြို့၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ဖြေဆို
Nov 29,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် အ-ထ-က(ဂွမြို့)၌ အထွေထွေဗဟုသုတဘာသာရပ်ကိုဖြေဆိုခဲ့ကြောင်း သိရသည်။
စုကလိမြို့တွင် ကလေးအလုပ်သမားနှင့် ဥပဒေများအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ
Nov 29,2022
စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် (Talk Show) အား ယနေ့နံနက်ပိုင်းက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားများနှင့် ဥပဒေများအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်၌ (၃၃) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ
Nov 29,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် LWF လူသရမ် ဝေါလ်ဖက်ဒရေးရှင်း (မြန်မာ) တို့ပူးပေါင်း၍ (၃၃) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်လက်မှတ်ရေးထိုးမှု နှစ်ပတ်လည်နေ့ အခမ်းအနားကို အမ်းမူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်‌ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 29,2022
ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ဌာနဆိုင်ရာများပူးပေါင်၍ ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းငွေရတုခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ရွေးချယ် ရေးဆန်းစစ်ချက် စာမေးပွဲ ဆက်လက်ဖြေဆို
Nov 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အလယ်တန်း၊ အထက်တန်းမြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ရွေးချယ်ရေး ဆန်းစစ်ချက်စာမေးပွဲကို ဆက်လက်ဖြေဆိုခဲ့ရာ ယနေ့ နံနက်(၉)နာရီအချိန်က သင်္ချာဘာသာရပ် ပါဝင်သော အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်ကိုဖြေဆိုခဲ့သည်။
တာမွေမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့်လှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။