ပေါက်တောမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားကျင်းပ
Nov 29,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၃)နေ့တွင်ရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားကို ရွှေမင်းသား ဖေါင်ဒေးရှင်း(မြန်မာ)နှင့် မိတ်ဆက်အဖွဲ့အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ပေါက်တောမြို့နယ် မသန်စွမ်းသူများဥက္ကဋ္ဌ ဦးသန်းဝင်းချေ ကြီးကြပ်၍ ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်သည်။