ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများအား သတင်းရေးသားနည်းသင်တန်းအား Online ဖြင့် ဖွင့်လှစ်ပို့ချ

မြောက်ဦး  နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား Zoom Meeting ဖြင့် သတင်းရေးသားနည်းသင်တန်းကိုယနေ့ နေ့လယ်(၁) နာရီအချိန်က ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင် ဦးစီးမှူးဦးတင်ရွှေက သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဓါတ်ပုံကျွမ်းကျင်-၂ ဦးခင်မောင်ထွန်းမှ သင်တန်းနည်းပြဆရာအဖြစ်သင်ကြားပို့ချရာတွင် သတင်းကို ဖုန်းဖြင့်သတင်းရေးသားပြီး Mailနှင့် သတင်းပို့ခြင်းအကြောင်းအရာများ၊သတင်း Videoများ Mail ဖြင့် ပေးပို့ရခြင်းအကြောင်း၊ သတင်းဓါတ်ပုံများရိုက်ကူးရာတွင် ရှုထောင့်အမျိုးမျိုးမှကြည့်ပြီး ရိုက်ကူးရခြင်းနှင့် သတင်းရေးသားနည်းများကို အကျယ်တဝင့်သင်ကြားပို့ချပေးခဲ့ပြီး သိရှိလိုသည့်အကြောင်း အရာများကို အပြန်အလှန်မေးမြန်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုသင်တန်းသို့ မြောက်ဦးခရိုင်ရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများစုစုပေါင်းသင်း တန်းသား၊သင်းတန်းသူ (၁၂)ဦးတက်ရောက်ခဲ့ပြီး သတင်းရေးသားနည်းသင်တန်းကို နိုဝင်ဘာလ (၂၉)ရက်နေ့မှ နိုဝင်ဘာလ (၃၀)ရက်နေ့ထိ (၂) ရက်ဆက်တိုက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)