သတင်းများ

ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ
Nov 30,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်နေပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက သဘွတ်ကုန်းကျေးရွာအုပ်စု၊ သဘွတ်ကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Nov 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်တွင် ပြွန်‌ပေါက်ကျေးရွာ၊ ထောင်မင်းကျေးရွာ၊ အပိုင်ကျေးရွာအုပ်စုများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မင်းပြားမြို့၌ ကလေးလုပ်သားပပျောက်ရေး အသိပညာပေး (Talk Shဝw) ပြုလုပ်
Nov 30,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နေ့လယ် ၁၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးလုပ်သားပပျောက်ရေး အသိပညာပေး (Talk Shဝw) ကျင်းပပြုလုပ်သည်။
ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၂ )သင်တန်းဖွင့်လှစ်
Nov 30,2022
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
သာယာဝတီမြို့နယ်တွင် ကြံစိုက်ပျိုးမှု(၃၅၀)ဧကစိုက်ပျိုးထားရှိပြီး ဈေးကောင်းရရန်မျှော်လင့်
Nov 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်၌ ကြံစိုက်ပျိုးမှု(၃၅၀)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရန်မျှော်လင့်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပဉ္စမအကြိမ်မြောက် ဓနုအမျိုးသားနေ့အတွက် ထောက်ပံ့လှူဒါန်းငွေများပေးအပ်
Nov 30,2022
၂၀၂၂ခုနှစ်၊ နိုင်ဝင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်သည့်  ဓနုအမျိုးသားနေ့အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Nov 30,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး သိရှိလာစေ ရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန် ရည်ရွယ်ပြီး Book   Club အဖွဲ့ဝင်များက စာရေးဆရာကြည်လွင်မြင့် (မုဒြာ) ၏ စိတ်ပျော်အောင်နေ အသက်ရှည်နှင့် ကျန်းမာစွာ နေထိုင်နည်းများကို ယနေ့နံနက် (၉) နာရီက သံတောင်ကြီး ပြည်သူ့စာကြည့်တိုက်  Community Centre  ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတွဲခရိုင်၊ ငပလီမြို့၌ ပြန်/ဆက်ရုံးတွင် ဝန်ထမ်းများစာဖတ်ဝိုင်းပြုလုပ်
Nov 30,2022
သံတွဲခရိုင်၊ ငပလီမြို့၌ ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။