ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ

ရွှေတောင်   နိုဝင်ဘာ  ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့်ဘက်စုံထူးချွန်သည့် လူရည်ချွန်ရွေးချယ်မှု စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်ကစတင်၍ ရွှေတောင်(အ.ထ.က)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ပွဲကို မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းမှ (Grade-9, Grade-10, Grade-11) ကျောင်းသား/သူ (၆၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ နိုဝင်ဘာ(၂၈)ရက်နေ့တွင် မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ နိုဝင်ဘာ(၂၉)ရက်နေ့တွင် သင်္ချာဘာသာရပ်နှင့် အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်ကိုလည်းကောင်း၊ ရွေးချယ်မှုအနေဖြင့် နောက်ဆုံးတွင် လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုကိုမင်း (ပြန် / ဆက်)