Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ကသာမြို့တွင် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Dec 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဧရာရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေး
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျေးရွာအုပ်စု (၂)အုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မီးသတ်ရေကန်များ ပြုပြင်မွမ်းမံရေဖြည့်တင်းခြင်းများ ဆောင်ရွက်
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မီးသတ်ရေကန်များ ရေဖြည့်ခြင်းကို ယနေ့နံနက်က မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာ၌ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုအား ကြည့်ရှုအားပေး
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာ၊ ကွင်းကျောင်း ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၉:၄၀ အချိန်က ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အခမဲ့ နယ်လှည့်ကွင်းဆင်းဆေးကုသမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးရွာကားလမ်းနှင့် ဆက်သွယ်သော အမာခံလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် Nine Elephant co.,Ltd မှဆောင်ရွက်လျက်ရှိသော အမာခံလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျော်ဇံကျေးရွာအုပ်စု၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်သူများ၊ မြို့နယ်အဆင့် လူရည်ချွန်များနှင့် ဆုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော ဆရာကြီး/ဆရာမကြီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (၅၂၈)လူငယ်ပရဟိတဖွံ့ဖြိုးရေး ကျောက်တိုင် ကျောင်းတိုက်ဆရာတော် ဒေါက်တာဦးပညာနန္ဒမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲထူးချွန်သူများ၊ မြို့နယ်အဆင့်လူရည်ချွန်များနှင့် ဆုရရှိအောင် ပညာသင်ကြားပေးခဲ့သော ဆရာကြီး/ဆရာမကြီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကြံခင်းမြို့ (အ ထ က-၁) အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်၌ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများကျင်းပ
Dec 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (ထက်/လယ်/မူ အဆင့်) စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ယင်းမာပင်မြို့၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)၌ ကျင်းပလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် အားကစားအသိပညာပေးဟောပြောပွဲပြုလုပ်
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အားကစားအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17772
Page
17773
Page
17774
Page
17775
Current page
17776
Page
17777
Page
17778
Page
17779
Page
17780
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department