ပုသိမ်မြို့တွင် အားကစားအသိပညာပေးဟောပြောပွဲပြုလုပ်

ပုသိမ်       ဒီဇင်ဘာ     ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အားကစားအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အခမ်းအနား တက်ရောက် ကြသူများက နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး အားကစားလက်ရွေးစင် ဟောင်းများအဖွဲ့က ပွဲတိုင်းကျော်သီချင်းကို သီဆိုဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာ့အားက စားလက်ရွေးစင်ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက မိတ်ဆက်စကား ပြောကြားခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားများဖြစ်ကြသည့် ဦးဘဝေ(စာပွဲတင်တင်းနစ်)၊ ဒေါ်အေးမွန်ခင် (အလေးမ)၊ ဒေါ်မာမာမင်း (ပြေးခုန်ပစ်)၊ ဒေါ်ကြူကြူဝေ(ဂျူဒို)၊ ဒေါ်ခိုင်ခိုင်မော်(ဝူရှူး) စသည့် အားကစားသမားဟောင်း ကြီးများမှ တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံနှင့် ကြိုးစားခဲ့ရပုံများကို ပြောကြားပြီး အားကစားဝါ သနာရှင်ကျောင်းသား/သူများအနေဖြင့် နိုင်ငံဂုဏ်ဆောင်အား ကစားသမားများ ဖြစ်အောင် ကြိုးစားကြဘို့လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။ထို့နောက် အားကစား လက်ရွေးစင်ဟောင်း များအဖွဲ့အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစောလင်းခယ်မှ ဒေသထွက် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်