မြန်အောင် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မီးသတ်ရေကန်များ ရေဖြည့်ခြင်းကို ယနေ့နံနက်က မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြန်အောင်မြို့ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)ရပ်ကွက်များ အတွင်းရှိ မီးသတ်ရေကန် (၂၀)ကျော် နွေရာသီကာလ ရေမပြတ်စေရန်အတွက် မီးသတ်ရေကန်များပြုပြင် မွမ်းမံရေဖြည့်ခြင်းများကို မီးသတ်ယာဉ်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူထံမှ သိရသည်။
ဝင်းဗိုလ်
မြန်အောင်