ပန်းတနော်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပန်းတနော် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျေးရွာအုပ်စု (၂)အုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးလျက်ရှိသည်။

ပန်းတနော်မြို့နယ်တွင် တောင်သူများအား ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပြီး စပါးတစ်ဧကလျှင် ငွေကျပ်(၁၅၀,၀၀၀)နှုန်း၊ ပဲသီးနှံတစ်ဧကလျှင် ငွေကျပ် (၁၀၀,၀၀၀) နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ မရမ်ကျေးရွာအုပ်စုနှင့် ပေပျဥ်မြောက်ကျေးရွာအုပ်စုတို့ရှိ တောင်သူ (၆၄)ဦးတို့၏ စပါးစိုက်ဧက (၁၈၃)ဧက၊ ပဲစိုက်ဧက (၃၇)ဧကအတွက် စုစုပေါင်း စိုက်ပျိုးရေးစရိတ်ချေးငွေကျပ်သိန်း ၃၁၁.၅၀ တို့အား ထုတ်ချေး ပေးလျက်ရှိကြောင်း ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)