ယင်းမာပင် ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (ထက်/လယ်/မူ အဆင့်) စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ယင်းမာပင်မြို့၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)၌ ကျင်းပလျက်ရှိကြောင်းသိရသည်။
အထက်တန်းအဆင့်ကျောင်းသား/သူများအတွက် "၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးမှ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်အတွက် "၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနှင့် ယနေ့လူငယ်တို့၏တာဝန်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့်အတွက် "လွတ်လပ်ရေးနှင့် မျိုးချစ်စိတ်ဓါတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း စာစီစာကုံးပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား/သူ ၂၄ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဆန်းမော်၊ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီးဝင်းခိုင်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအား လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများ ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ဒီဇင်ဘာ(၁၅)ရက်နေ့တွင်လည်း ကျောင်းသား/သူများအတွက် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပပေးသွားမည် ဖြစ်ကြောင်းခရိုင်ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်ပြန်/ဆက်