မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် Nine Elephant co.,Ltd မှဆောင်ရွက်လျက်ရှိသော အမာခံလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျော်ဇံကျေးရွာအုပ်စု၌ ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် လပွတ္တာခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) တာဝန်တို့မှ ကွင်းဆင်း၍ ကျော်ဇံကျေးရွာအုပ်စု၊ တုံးလှဲဂျိုဝါတံတားမှ ကျော်ဇံကျေးရွာကားလမ်းသို့ ဆက်သွယ်သော (၅.၂၂၃ Km × ၅.၄၉ m × ၀.၉၁ m) အကျယ်ရှိသောလမ်းအား အရည်အသွေးကောင်းမွန်စေရေး၊ သက်မှတ်စံနှုန်းများ ပြည့်မီအောင် ဆောင်ရွက်ရေးနှင့် သက်မှတ်ကာလများအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)