ကသာ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဧရာရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ မြို့ပေါ်အ.ထ.ကကျောင်းများနှင့် အ.လ.ကကျောင်းများမှ ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို ယှည်ပြိုင်ကြရာ အဖွင့်ပြိုင်ပွဲတွင် အ.ထ.က-၂(ခ) အားကစားအသင်းနှင့် အ.ထ.က (ခွဲ)လ-၁ (က) အားကစားအသင်းတို့ကလည်းကောင်း၊ အ.ထ.က-၁(ခ)အားကစားအသင်းနှင့် အ.ထ.က-၃(ခ)အားကစားအသင်းတို့ကလည်းကောင်း၊ အ.လ.က အောင်းချမ်းသာ အားကစားအသင်းနှင့် အ.ထ.က-၂ (က)အားကစားအသင်းတို့ကလည်းကောင်း၊ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်လည်း ဆက်လက်၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အား/ကာမှူး ဒေါ်ဖြိုးမွန်စံထံမှ သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်အ.ထ.က ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)