သတင်းများ

ချောင်းဆုံမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြော
Dec 15,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် (ပြန်/ ဆက်၊ အား/ ကာ)ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီကချောင်းဆုံမြို့နယ် မုရစ်ကြီး(မူလွန်)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည် ကျေးလက်ကုန်ထုတ်လမ်း၊ ရေပေးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့၊ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
မလှိုင်မြို့နယ် သဲကန်ကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေးပြီး အချိုးကျကိုယ်စားပြု(PR)စနစ်အကြောင်း ချပြရှင်းလင်း
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် သဲကန်ကျေးရွာအုပ်စု၊ သဲကန်ကျေးရွာ ဒေသခံပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကိုဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သာသနာ့ရက္ခိတဗိမ္မာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီး ကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီက ကျုံဒူးဒါးမလိမ်းကျေးရွာအုပ်စု၊ တော်လှကျေးရွာအုပ် စုနှင့် တော်ဖရုံကျေးရွာအုပ်စုများဖြင့် ဆက်စပ်လျက်ရှိသော ချောင်းကော၊ မြောင်းကောများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဆည်​မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးမောက်မြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့မှ ကျေးလက်ဒေသဖွံဖြိုးရေးကွင်းဆင်း
Dec 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုသက်ဇွန် ဦးဆောင်သော အဖွဲ့၀င်များသည် မံပုံကျေးရွာအုပ်စု၊ မံပုံကျေးရွာအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းခြင်းလုပ်ငန်းကို ယနေ့နံနက်၁၁နာရီခန့်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မိုးမောက်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရန်ပုံငွေများကို သက်ဆိုင်ရာ ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်
Dec 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအား ချေးငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပန်းတနော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးလက်နေ ပြည်သူများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဓနော်ကျေးရွာ၊ လက်ပန်ကုန်း ကျေးရွာ၊ ခရေကန်ကျေးရွာတို့ရှိ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။