သတင်းများ

ရသေ့တောင်မြို့ရှိ ဌာနဆိုင်ရာအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍အကြံပေးဆွေးနွေး
Dec 15,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရသေ့တောင်မြို့  ချောင်းဝရပ်ကွက် ကမ်းနားလမ်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးကြသည်။
ဝေါမြို့နယ်၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ အဗျားတံတားအား ဖွင့်လှစ်
Dec 15,2022
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မော်လမြိုင်လမ်း မိုင်တိုင်(၇၅/၀ မှ ၇၅/၁)ကြားတွင် ဆောက်လုပ်ထားသော အဗျားတံတားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဘူးသီးတောင်မြို့၌(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့ထိ အားကစားပြိုင်ပွဲများဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 15,2022
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ အသေးစားစက်သုံးဆီပန့်ဆိုင်လုပ်ငန်းရှင်များအား မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး အခမ်းအနားကျင်းပ
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အသေးစားစက်သုံးဆီပန့်ဆိုင် လုပ်ငန်းရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် မုရစ်ကြီး(မူလွန်)ကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲပြုလုပ်
Dec 15,2022
မွန်​ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်​ကြား​နေသည့် ကျောင်းသား/ သူများ၊ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် ပညာ​ရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး၊ ယမန်နေ့ မွန်းလွဲအချိန်က၊ ချောင်းဆုံမြို့နယ်၊ မုရစ်​ကြီး(မူလွန်)အခြေခံပညာကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဟော​​ပြောခြင်းနှင့် လက်တွေ့သရုပ်ပြမှုများ​ပြုလုပ်​ပြသခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငုဝါလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Dec 15,2022
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုကသောအားဖြင့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် မြို့စည်ပင် သာယာရေးအဖွဲ့၏ အမှတ်(၁)ရပ်ကွက်ရှိ ငုဝါလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ်၊ အမှတ်(၁)အခြေခံပညာအ​​ထက်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အမှတ်(၁)အ​​ခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပသည်။