သတင်းများ

ရွှေပြည်သာမြို့နယ် အ-ထ-က(၄)၌ လူငယ်စကားဝိုင်းကျင်းပ
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူငယ်များအသိပညာ၊ အတတ်ပညာများဖွံဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)အချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့‌သည်။
 သံတွဲမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူုဒါန်းပွဲ ကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ စေတနာရှင်သွေးလှူရှင်အသင်းများ စုပေါင်းကျင်းပသည့်(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က သံတွဲ ခရိုင်ကုတင် (၁၀၀)ပြည်သူ့ဆေးရုံ သွေးလှူဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ပေါက်တောမြို့တွင် ကျင်းပ
Dec 15,2022
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပေါက်တောမြို့ရှိ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သာစည်မြို့နယ်၊ ကြက်မောက် ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ကျေးလက်စီးပွားမြင့်မားရေး RBF စီမံကိန်းဝင်မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးအပ်
Dec 15,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါ မျိုးသန့်မျိုးစေ့နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ကာ ကျေးလက်စီးပွားမြင့်မားရေး  RBF စီမံကိန်းဝင် မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ်သိန်း ၃၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 15,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
မဟာအောင်မြေမြို့နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသ ဖွံဖြိုးရေးအတွက် ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Dec 15,2022
မဟာအောင်မြေမြို့နယ် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊စကြာနွယ်စဥ်ရပ်ကွက် လက်ပံတန်းဓမ္မာရုံ၌ အင်အား (၇၀)ဦးခန့်ဖြင့်လည်းကောင်း၊  ဟေမမာလာမြောက်ရပ်ကွက်၊ ဟေမမာလာမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အင်အား(၅၀)ဦးခန့်ဖြင့် လည်းကောင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မအီမြို့၌  (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုန်းကြီးကျောင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအီမြို့၊ စည်ပင် သာယာရေးအဖွဲ့၏ အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းကြီး ကျောင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါ လမ်းမုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။
အမ်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း-မြန်မာ တို့ပူးပေါင်း၍ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကို ရွေအမ်းတောင်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။