သတင်းများ

ဘားအံမြို့တွင် မြေပြင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 15,2022
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးနှင့် အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် ကရင်ပြည်နယ်အတွင်း မြေပြင်စာရင်း ကောက်ယူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ဗဟန်းမြို့နယ် အမှတ်(၁) မူလတန်းကြိုကျောင်းတွင် ဒုတိယအကြိမ် မိဘအသိပညာပေး ဆွေးနွေးပွဲကျင်းပ
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိအမှတ်(၁) မူလတန်းကြိုကျောင်းတွင် ဒုတိယအကြိမ် မိဘအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂:၀၀)နာရီက ကျင်းပခဲ့သည်။
ပခုက္ကူတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 15,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင် (ဘွဲ့နှင်းသဘင်)ခန်းမ၌ ကျင်းပသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်စရီးကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Dec 15,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ မွန်စရီးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါကွန်ကရစ်လမ်းသစ် မုခ်ဦး တည်နေရာ၌ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၁) ရုံးခန်းမတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၁)ရုံးခန်းမတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ် မြင်းချီနိုင်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌  ဆောက်လုပ်နေသည့် ကျောင်းဆောင်အသစ် (၈၅)ရာခိုင်နှုန်းကျော်ပြီးစီး
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာသင်ကျောင်းဆောင်လိုအပ်လျက်ရှိသည့် အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးလျက်ရှိရာ မြင်းချီနိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌  ဆောက်လုပ်လျက်ရှိသည့် ကျောင်းဆောင်သစ်မှာ (၈၅)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို အရန်သားဖွား(၆)လသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Dec 15,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ဖွင့်လှစ်သောအရန်သားဖွား(၆)လ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သထုံမြို့တွင် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ပြပွဲပြိုင်ပွဲများပြုလုပ်ပေး
Dec 15,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့ရှိ အမက(အုပ္ဖိုလ်တန်း) နှင့် အမက(ဘူတာ) အခြေခံပညာမူလတန်းကျောင်းတို့၌ အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲပြိုင်ပွဲများတို့ကို ပြုလုပ်ပေးခဲ့ကြသည်။